ကိုယ်တိုင်ဖောက်ရတဲ့ ကိုယ့်ရဲ့လမ်း


ကိုယ်တိုင်ဖောက်ရတဲ့လမ်းမို့ ကြမ်းမယ်ဆိုတာလဲသိတယ်။ တွေးထားတဲ့အတိုင်း ကြမ်းရုံတင်မကဘူး အဆင်မပြေမှူတွေက နွေးနွေးထွေးထွေးကြိုဆိုကြတာ။ အသိမိတ်ဆွေနည်းလို့လဲ ဖြစ်မယ်။ အတိတ်ကံရဲ့ သက်ရောက်မှုတွေလဲပါမှာ။ ဘာတွေ ဘယ်လိုဖြစ်နေနေ အရှေ့တောင်အရပ်က ငါ့ရဲ့အောင်မြေလို့ သတ်မှတ်ထားလို့ အဆင်မပြေတဲ့အချိန်မှာ စိတ်ဓာတ်မကျခဲ့ဘူး (တနှစ်ဆိုတဲ့အချိန်တွင်း - ဟုတ်ဟုတ်မဟုတ်ဟုတ်၊ အဲ့လိုမှ မတွေးထားရင်လဲ အိမ်ပြန်ပြေးပြီးတာကြာပြီ)။


ငွေကိုလွယ်လွယ်မရတဲ့အကြောင်း ဘဝသင်္ခန်းစာရဲ့ ခုရောက်နေတဲ့အခန်းက အလွတ်ရအောင် သင်ပေးတာ အတော်မှတ်မိတယ်။ ပထမဆုံး သင်္ခန်းစာတော့ မဟုတ်ဘူး။


ငွေရှိတဲ့သူ‌တွေက အချိန်တွေကိုဝယ်ကြတယ်

ငွေလိုတဲ့သူ‌တွေ က အချိန်တွေကို ရောင်းကြရတယ်


ဪ...…ဘာလိုလိုနဲ့ ‌ငါ့ရဲ့အချိန်တွေ ဒီနိုင်ငံမှာ ရောင်းလိုက်တာ တနှစ်ဆိုတဲ့ပမာဏ ရှိသွားပြီ(တနှစ်ပြည့်တာတောင် တနေကုန်နဲ့တညလုံး အလုပ်လုပ်နေလို့ မေ့နေခဲ့တာ ဒီကိုအတူလာတဲ့ သူငယ်ချင်း #လက်ကြမ်းကြီး ပြောမှ သိရတယ်)

ငါတို့တွေရဲ့ အိမ်ပြန်ချိန်က ‌‌‌‌‌‌‌‌‌‌‌‌‌‌ဘယ်တော့လဲ

ကိုကြီးလူး



Comments