ကျွဲလိုလူ မဖြစ်စေနဲ့
တချိန်က ကျွဲငယ်လေး နှင့် နွားငယ်လေးကို တောင်သူအိမ်လေးမှာ မွေးသတဲ့။ မွေးခါစမှာတော့ ကျွဲလေးက "ညွှံ့ " လို့အော်ပြီး နွားကလေးကတော့ "ပဲ" လို့ မြည်သတဲ့။ အဲ့သလိုနဲ့ အချိန်တန် အရွယ်ရောက်ကြတော့ ကျွဲလေးကတော့ မြည်မြဲတိုင်း မြည်ပြီး နွားလေးကတော့ တမျိုးပြောင်းကာ " ၀ွတ်ထူး" လို့မြည်သတဲ့။ လောကမှ လူတွေက လဲ အဲ့သလိုပါပဲ။ တချို့သူတေကတော့ ကျွဲလိုပါပဲ ငယ်ငယ်က အကျင့်တွေကို မပြင် မွေးထဲက မပြောင်းလဲတဲ့ လုပ်ရိုးလုပ်နည်းတွေအတိုင်း ဆက်လုပ်လေ့ရှိပါတယ်။ အဲ့လိုလူတေကတော့ စိန်ခေါ်မှုတေကို ကြောက်ရွံ့ကြသလို အောင်မြင်မှုတေနဲ့ မနီးတဲ့သူတွေလို့ပြောရင်လဲ မှားမယ်မထင်ပါဘူး။ comfort zone လို့ အများက ခေါ်ကြတဲ့ သက်သောင့်သက်သာ စီးမျောနေတဲ့ နေရာလေးမှာ ပဲ နေချင်ကြတာ များပါတယ် ။ ဒါပေမယ့် တချို့ လူနည်းစုက တော့ အဲ့လိုမဟုတ်ကြပါဘူး။ သူတို့ကတော့ နွားလိုလူတွေပေါ့ဗျာ။ လုပ်ရိုးလုပ်စဉ်တွေကို ပြောင်းလဲ့သင့်တာတွေ ပြောင်းလဲပြီး တက်လမ်းကို မျှော်မှန်းပြီး ရုန်းထွက်ကြတယ်။ သူတို့ကတော့ အောင်မြင်တဲ့ လူနည်းစုလို့ပြောရင် မမှားပါဘူး။ သင်ရော ဘယ်လိုလူထဲမှာ ပါ ပါသလဲ? တကယ်လို့ ကျွဲလိုလူဖြစ်နေခဲ့ရင် ခုချိန်ကစပြီး ပြောင်းလဲလိုက်ပါ။
မှတ်ချက် ။ ။ အဖေဆုံးမသော ဩဝါဒစကားဖြစ်ပါသည်။
မေတ္တာဖြင့်
မောင်အာလူး ( ကုက္ကိုကုန်း )
Comments
Post a Comment