#မှန်ကန်သော_စာဖတ်ခြင်း📚📚
အနိူင်လိုချင်တဲ့စိတ်အတွက် စာမဖတ်ပါနှင့်
အရှုံးပေးတတ်တဲ့စိတ်ရှိဖို့အတွက်သာ စာဖတ်ပါ။
စကားလုံးလှလှတွေ သုံးတတ်ဖို့ စာမဖတ်ပါနှင့်
အမှန်တရားအတိုင်းပြောဖို့အတွက်သာ စာဖတ်ပါ
သူများထက် သာချင်ရုံအတွက်နဲ့ စာမဖတ်ပါနှင့်
ရည်ရွယ်ချက်ရှိသောဘဝအတွက် စာဖတ်ပါ။
အကျိုးရှိလိုသောစိတ်နဲ့ စာမဖတ်ပါနှင့်
အကျိုးပြုလိုသောဆန္ဒအတွက်သာ စာဖတ်ပါ။
အိပ်မက်မက်ဖို့အတွက် စာမဖတ်ပါနှင့်
အကောင်အထည်ဖော်လိုတဲ့ အိပ်မက်အတွက်သာ စာဖတ်ပါ။
ဘယ်လောက်ဖတ်ခဲ့ပြီးပြီဆိုတဲ့စိတ်နဲ့ စာမဖတ်ပါနှင့်
ဘယ်လောက်တိုးတက်လာရမယ်ဆိုတဲ့အသိနဲ့သာ စာဖတ်ပါ။
အခြားသူတွေကို အောင်နိူင်ဖို့အတွက် စာမဖတ်ပါနှင့်
မိမိကိုယ်ကို လွတ်မြောက်ဖို့အတွက်သာ စာဖတ်ပါ။
Credit to original writer
Comments
Post a Comment